thumbnail
Published on - 1 year ago

🌦️မိုးရာသီအတွင်း ဆိုလာစနစ်တွေ ဘယ်လိုအလုပ်လုပ်သလဲ?


ဆိုလာစနစ်ကို အသုံးပြုဖို့စဉ်းစားတဲ့အခါ လူအများစုက မိုးတွင်းနဲ့ နေရောင်ခြည်ကောင်းကောင်းမရတဲ့ နေ့တွေမှာ စွမ်းအင်မရနိုင်မှာကို စိုးရိမ်တတ်ကြပါတယ်။ သို့သော်လည်း မိုးရာသီမှာတောင် ဆိုလာစွမ်းအင်ကို စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ 


⚡ဘာကြောင့် တိမ်ထူတဲ့နေ့တွေနဲ့ မိုးရာသီမှာပါ ဆိုလာစနစ်ကိုအသုံးပြုနိုင်တာလဲ? ဆိုလာချပ်တွေက ဘယ်လိုအလုပ်လုပ်တာလဲ?

လူအများစုထင်နေသလို ဆိုလာချပ်တွေဟာ တိမ်ထူတဲ့နေ့တွေနဲ့ မိုးရွာတဲ့နေ့တွေမှာ အလုပ်မလုပ်တော့တာ မဟုတ်ပါဘူး။ တိုက်ရိုက်နေရောင်ခြည်ရရှိမှုက စွမ်းအင်ထုတ်လုပ်မှုကို အများဆုံးဖြစ်စေပေမယ့် ဆိုလာချပ်တွေဟာ တိမ်ထူထပ်တဲ့အချိန်တွေမှာ အလင်းရောင်အနည်းငယ်ကိုပဲ အသုံးပြုပြီး လျှပ်စစ်ဓာတ်အားကို ဆက်လက်ထုတ်လုပ် နိုင်ပါတယ်။ နည်းပညာတိုးတက်မှုတွေကြောင့် အခုခေတ် ဆိုလာချပ်တွေဟာ အလင်းနည်းတဲ့အခြေအနေမှာတောင် ပိုမိုထိရောက်စွာအလုပ်လုပ်နိုင်ပါတယ်။


🔋Batter Storage System - အရန်ဓာတ်အားပေး ဘက်ထရီစနစ်

လျှပ်စစ်စွမ်းအင် စဉ်ဆက်မပြတ်ရရှိနိုင်ရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုအနေနှင့် ဆိုလာစနစ်အား ဘက်ထရီစွမ်းအင်သိုလှောင်စနစ်နှင့်တွဲဖက်အသုံးပြုနိုင်ပါတယ်။ ဘက်ထရီတွေဟာ နေရာင်ခြည်ကောင်းမွန်စွာရရှိတဲ့နေ့တွေမှာ ထုတ်လုပ်ထားတဲ့ အပိုစွမ်းအင်တွေကို သိမ်းဆည်းထားပြီး စွမ်းအင်ထုတ်လုပ်မှုနည်းတဲ့အချိန်တွေမှာ ပြန်လည်အသုံးပြုနိုင်အောင်ထောက်ပံ့ပေးပါတယ်။

Related Blogs

Charge Cycle ဆိုတာဘာလဲ? 🪫

ဘက်ထရီမှာတွေ့ရလေ့ရှိတဲ့ Charge cycle (သို့မဟုတ်) Cycle Count ဆိုတာက ဘက်ထရီတစ်လုံးကို ၁၀၀% အားသွင်းပြီး ၁၀၀% အားကုန်ခမ်းသွားတဲ့ ဖြစ်စဉ်တစ်ခုလုံးကို ဆိုလိုပါတယ်။ ⚡️ဥပမာ - ဘက်ထရီကို ၁၀၀% ကနေ ၀% အထိ သုံးပြီး ပြန်လည်အားသွင်းတာကို ၁ charge cycle လို့ သတ်မှတ်ပါ

Find out more

ဆိုလာချပ်တွေကို အပူချိန်လွန်ကဲခြင်းမှ ဘယ်လိုကာကွယ်မလဲ? 🌡️

☀️အထူးသဖြင့် မြန်မာနိုင်ငံကဲသို့သော အပူပိုင်းဒေသတွေမှာ အပူချိန်လွန်ကဲခြင်းပြဿနာကို ပိုမို ကြုံတွေ့ရလေ့ရှိပါတယ်။ ဖုန်မှုန့်များနှင့် အပူချိန်လွန်ကဲခြင်းများကြောင့် ဆိုလာချပ်များစွမ်းဆောင်ရည်ကျဆင်းလာပါက အောက်ပါနည်းလမ်းများကိုအသုံးပြုနိုင်ပါတယ်-

Find out more

Radiant Rays Showroom is now Opening

နေအိမ်နှင့် လုပ်ငန်းသုံး လျှပ်စစ်စွမ်းအင် လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးမည့် Radiant Rays ရဲ့ Solar Showroom Opening ကို ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

Find out more